တောင်ကြီးမြို့လယ် ဓမ္မာရုံ

27.1.2024 မြို့လယ်ဓမ္မာရုံအစည်းအဝေး

တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံလစဉ်ပုံမှန်အစည်းဝေးကိုယနေ့( 27.1.2024)တွင်ကျင်းပပါသည် ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး – ငွေစာရင်းရှင်းတမ်း -၂၄ နာရီမီးလင်းရေးကိစ္စ -ဓမ္မာရုံတိုးတက်ရေးများဆွေးနွေးကြပါသည် မွန်းလွဲ ၃:၃၀တွင် ဗုဒ္ဓသာသနံစိရံတိဌတုသုံး‌ကြိမ်ရွတ်ဆို၍အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။ သတင်းနှင့်ဓါတ်ပုံ ဂေါပကအဖွဲ့

အစိုးရဓမ္မာစရိယစာမေးပွဲကိုတောင်ကြီးစာဖြေဋ္ဌာနတွင် ဒုတိယနေ့အဖြစ်ကျင်းပ

အစိုးရဓမ္မာစရိယစာမေးပွဲကိုတောင်ကြီးစာဖြေဋ္ဌာနတွင် ဒုတိယနေ့အဖြစ်ကျင်းပရာ၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများနှင့်စာဖြေသံဃာတော်များစာမေးပွဲကျင်းပရေးလုပ်ငန်းကော်မတီဝင်များအားမြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ  စာမေးပွဲကျင်းပရေးဘဏ္ဍာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစွန်ကြိုင်၊ ဇနီးဒေါ်ကြည်ညွန့်နှင့်သားသမီးမြေးတစ်စုတို့ကနေ့ဆွမ်းဆက်ကပ်/ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။

၂၉ ကြိမ်မြောက်မြို့လုံးကျွတ်ဗုဒ္ဓါဘိသေကနေကဇာအောင်ပွဲ ရေစက်ချအခမ်းအနား

၁၃၇၉ခုနှစ်ကဆုန်လပြည့်နေ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ပြန်တမ်းဝင် အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားမြို့လယ်ဓမ္မာရုံဂေါပကအဖွဲဲ့ကကြီးမှူးးလျှက် ၂၉ ကြိမ်မြောက်မြို့လုံးကျွတ်ဗုဒ္ဓါဘိသေကနေကဇာအောင်ပွဲ ရေစက်ချအခမ်းအနားကိုယင်းနေ့မွန်းလွှဲ၁၂း၃၀နာရီအချိန်ကျင်းပရာဂေါပကအဖွဲ့၏ သြဝါဒါစရိယဘုရားကြီးမြောက်ပရိယတ္တိစာသင်တိုက် ပဓါနမဟာနာယကအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာဂိန္ဒာလင်္ကာရ(ပါဠိပါရဂူ)  အမှူးးပြုသည့်ပင့်သံဃာ ၂၃ ပါးကြွရောက်တော်မူကြပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးသာသနာရေးရာတာဝန်ခံဒေါက်တာအောင်သန်းမောင်အမှူးပြုသည့် ပြည်နယ်မြို့နယ်သာသနာရေးမှူးများမြို့လယ်ဓမ္မာရုံ ဂေါပကဥက္ကဌနှင့်အဖွဲ့ဝင်များဂေါပကအဖွဲ့အထောက်အကူပြုအဖွဲ့ဝင်များမြို့ပေါ်ရှိဝတ်အသင်းများအလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြပါသည်။

ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲ

တောင်ကြီးမြို့အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားမြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့က ကြီးမှူး၍ ၃၁ကြိမ်မြောက်မြို့လုံးကျွတ်ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ပွဲကြီးကို ယနေ့နံနက်၆းဝဝ နာရီအချိန်စတင်ကျင်းပရာ သီရိမင်္ဂလာရွှေမန်းကျောင်းကသံဃာတော် ၉ ပါးကြွရောက်အနေကဇာတင်ပူဇော်ပေးတော်မူပါသည်။

အစိုးရနိကာယ်စာမေးပွဲ ကျင်းပ

အစိုးရနိကာယ်စာမေးပွဲငါးရက်မြောက် နေ့ဖြစ်ပါသည်။ဝိဒူတန်းအုပ်စု (၁)(၂)(၃)(၅)(၈)ဖြေကြ ရပါသည်။စာရင်းသွင်သံဃာမှာ ၁၅၃ ပါးဖြစ်ပြီး လာရောက်ဖြေဆိုသူ ၁၁၆ပါး ရှိပါသည်။

မြို့လုံးကျွတ် မဟာဘုံကထိန်

တောင်ကြီးမြို့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကြီးကို နိုဝင်ဘာလ လယ်လောက်တွင် တောင်ကြီးမြို့ပေါ်ရှိ ၂၂ ရပ်ကွက်မှ ဒေသခံများက စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ပထမဦးစွာ တောင်ကြီးမြို့၊ မြို့မရဲစခန်း အရှေ့ မှ နံနက် ၈ နာရီအချိန်တွင် စတင်ထွက်ကြပြီး မြို့ကို တစ်ပတ်ပတ်ကာ အတုလမာရဇိန် ဆုတောင်းပြည့်ဘုရား မြို့လယ်ဓမ္မာရုံသို့ ရောက်ရှိ လှူဒါန်းကြခြင်း ဖြစ်ပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲသည် အများသိသည့်အတိုင်း သာမန် ဇွဲ၊လုံ့လ၊ဝီရိယ ဖြင့် စွမ်းနိုင်သောပွဲ မဟုတ်ပေ။ ဒေသခံများအဖို့ မီးပုံးပျံပွဲကျင်းပရန် တစ်နှစ်ပတ်လုံး အားခဲထား ကြရသည်။ သြင်္ကန်ပြီးသည်နှင့် မိုင်းကိုင်အရပ် မှထွက်သည့် စက္ကူကအစ ဒေသထွက်ဝါးများ အလယ် ယမ်းထုပ်များ စပ်ကြရသည်အဆုံး