တောင်ကြီးမြို့လယ် ဓမ္မာရုံ

”မီးပုံးပျံလွှတ်ခြင်းသည် အခက်အခဲပေါင်း စုံ စိန်ခေါ်မှုပေါင်းစုံကို စုပေါင်းအားဖြင့် ရင်ဆိုင် အောင်ပွဲခံနိုင်သည့် အကျင့်ကို ကျင့်ခြင်းပင် ဖြစ်သည်။”
မီးပုံးပျံ ဦးကျော်ရင်

တစ်မိုးကုန်ပြီး တစ်ဆောင်းသစ်ချိန်ဖြစ် သည်။ ဆောင်းညအေးအေး နှင်းဖွေးဖွေး အောက်ဝယ် ၂ဝ၁၈ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သည်လည်း နိုးထသက်ဝင်ကာ မြန်မာ ရော ကမ္ဘာကပါ ရင်ခုန်လှုပ်ရှား တပျော်တပါး ဆင်နွှဲကြရပေဦးမည်။ အဖွင့်ကဗျာအလှနှင့် စာ သချင်ပါသည်။

”နှင်းမှုန်လွလွ ထိုဆောင်းညတွင် မိုင် ဆုန်ခဟု၊ ပြုံးစနှုတ်ခမ်း မောနွယ်သျှမ်းတို့၊ ချမ်းမြကြည်သာ နှုတ်ဆက်ပါ၏၊ကမ္ဘာသိသည့် တန်ဆောင်တိုင်။ ။

စူဠာမုနိစေတီ တာဝတိံသာ ပြည်သို့၊ ရည် ရွယ်ကာတမ်း၊ နိဗ္ဗာန်လမ်းမို့ စိတ်ဝမ်းတူ လှ ပူဇော်ကြပြီ၊ ရှုလေမငြီး ညမီးကြီးနှင့်ရုပ်ကြီးမ ကျန် စိန်နားပန်တို့ပျံကာမိုးယံ အောင်ပွဲခံ၏။ ။

ရှမ်းအိုးစည်သံ ဘဝဂ်ညံ၍ အောင်သံရွှမ်း စု ထိုကောင်းမှုကို နတ်လူသာဓုခေါ်စေသ တည်း။ ။”

.

တောင်ကြီးမီးပုံးပျံနှင့် သမိုင်းပေးတာဝန်

.

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲသည် အများသိသည့်အတိုင်း သာမန် ဇွဲ၊လုံ့လ၊ဝီရိယ ဖြင့် စွမ်းနိုင်သောပွဲ မဟုတ်ပေ။ ဒေသခံများအဖို့ မီးပုံးပျံပွဲကျင်းပရန် တစ်နှစ်ပတ်လုံး အားခဲထား ကြရသည်။ သြင်္ကန်ပြီးသည်နှင့် မိုင်းကိုင်အရပ် မှထွက်သည့် စက္ကူကအစ ဒေသထွက်ဝါးများ အလယ် ယမ်းထုပ်များ စပ်ကြရသည်အဆုံး အဆင့်အားလုံးတွင် တာဝန်ကိုယ်စီခွဲ၍ ကိုယ် တိုင် အားထုတ်ပြင်ဆင်ကြရသည်။ ပြည်တွင်း ပြည်ပ မီဒီယာများအလယ် တင့်တယ်အောင် အမှားကင်းအောင် ထောက်ကွက်မရှိအောင် ကျားကုတ်ကျားခဲ နွှဲကြရသည်။ ခဲကြရသည်။ ပြောင်းလိပ်ခြင်း ဒီဇိုင်းဖန်တီးခြင်းကအစ ယ ခင်နှစ်နှင့်မတူ တမူထူးခြားအောင် စဉ်းစားတွေး ခေါ်ရခြင်း စိတ်ကူးကောင်းရပြန်လျှင်လည်း အရုပ် (မီးပုံးပျံ)ချိုးနိုင်သည့် ပညာရှင်ရရန်လိုသေး သည်။ စက္ကူဖိုး၊ မီးစာဖိုး၊ ယမ်းဖိုးနှင့် အခြား စရိတ်စကများအတွက် စုဆောင်းရှာဖွေကြရ သေးသည်။ ပန်းချီဖိုးပင် လေး၊ ငါးသိန်းရှိ သည်။ မီးပုံးပျံ တစ်ခုလုံးတွင် စက္ကူအချပ်တစ် ထောင်ကျော်သုံးရသဖြင့် မည်မျှပင်ပန်းဆင်းရဲ စွာ အားထုတ်ရသည်ကို တွေးကြည့်လျှင် သိ နိုင်ပါသည်။

ငွေရှိတိုင်းလုပ်နိုင်သလားဟု မေးလျှင် လည်း မလုပ်နိုင်သေး။ ပညာရှင်၊ လုပ်အားပေး မည့်သူ၊ တာဝန်ခံမည့်သူလိုအပ်ပါသေးသည်။ အဖွဲ့ခေါင်းဆောင်ရှိသော်လည်း ဘဏ္ဍာရေး၊ လုံခြုံရေး (အန္တရာယ်ကင်းရှင်းရေး) အကျွေးအ မွေးကအစ ညီညွတ်မျှတစွာ တာဝန်ယူတာ ဝန်ခံပေးရသည်။ မီးပုံးပျံ လွှတ်တင်ခြင်းသည် ဒီမိုကရေစီစံဖြင့် ချိန်ထိုးလျှင် ဖက်ဒရယ်မူ (ခေါ်) သူ့နေရာနှင့်သူ စုပေါင်းတာဝန်ယူမှု ရှိသည်ဟု ဆိုရမည်။ မီးပုံးပျံတစ်ခု ကောင်းကင်ယံတွင် မ လွှတ်တင်မီ စိတ်ကူးထဲတွင် မီးပုံးပျံလေး ငါး ခုမက လွှတ်တင်ပြီး စမ်းသပ်ကြည့်ကြရသည်။ ရက်ပေါင်းများစွာ အပင်ပန်းခံကာ မိသားစု အ ရေးထက် ထိုမီးပုံးပျံအရေးအတွက် ကိုယ်ရော စိတ်ပါ နှစ်မြှုပ်ထားကြရသည်။ ပြိုင်ပွဲဝင်မည့် နေ့/ညရောက်မှ ကွင်းထဲဝင်ရ၏။ သံဖရိန်လေး ထပ်နှင့် မီးစာတင်ကားများ၊ ယမ်းတင်ကား များ၊ မီးပုံးပျံတင်ကားများကတန်းစီဝင်လာကြ စဉ် အဖွဲ့တစ်ဖွဲ့၏အမည်ကို ကြေညာလိုက် သည်နှင့် တစ်ပြိုင်နက် ပရိသတ်များက လက် ခုပ်တီးအားပေးကြ၏။ ကွင်းကြီးထဲတွင် ပြည် တွင်းပြည်ပ ဧည့်သည်များက ကွင်းလုံးညွတ် ပင်ဖြစ်သည်။

မီးပုံးပျံ သုံးမျိုး ရှိလေသည်။ နေ့ဘက် လွှတ်တင်သည်က အရုပ်မျိုးစုံ၊ ညဘက်ကား ညမီးကြီးနှင့် စိန်နားပန်တို့ဖြစ်ကြသည်။ ည မီးကြီးကား မီးရောင်စုံပါသလို မီးရှူးမီးပန်း လေးများက လေထဲရောက်မှ လှလှပပပေါက် ကွဲပြရလေသည်။

စိန်နားပန်ကလည်း ဆင့်ပိုးသွယ်ယှက်ထား သည့် မီးပုံးအသေးလေးများဖြင့် လှချင်တိုင်းလှ ပနံရနေတော့သည်။ သယ်လာစဉ်ရုပ်ပုံက မပီ ပြင်သေးဘဲ မှိုင်းဝကာမှ တဖြည်းဖြည်းရုပ် လုံးပေါ်လာသည်ကို ရင်တမမနှင့် လှလှပပ စောင့်စားရသည်မှာလည်း အရသာရှိလွန်းလှ သည်။ ရုပ်လုံးပေါ်လာလျှင်လည်း ချွေးစက် လက်နှင့် ဘဝဂ်ညံအောင် အားပေးရသည်က အမော။

အမျိုးသားရေး စိတ်ဓာတ်၊ ပရဟိတနှလုံး သားဖြင့် အားတက်သရော လုပ်အားပေးသူ များကလည်း မနည်းလှပေ။ ညမီးကြီးကို ပြု လုပ်စဉ်က လူ(၁၅)ယောက်လောက်နှင့် အ ဆင်ပြေသော်လည်း အမှန်တကယ် လွှတ်တင် ချိန်တွင်ကား လူ(၁ဝဝ)ကျော်လောက် လိုပြန် သေးသည်။

မီးပုံးပျံကြီးကို ဝိုင်းထိန်းထားရသည်မှာ သာမန်အရည်အသွေးဖြင့် မရနိုင်။ လေတိုက် နှုန်းကို နားလည်ရသည်။ အတွေ့အကြုံက ရင့်ကျက်နေရသည်။ လေ့ကျင့်သားက ပြည့်ဝ နေရသည်။ မှိုင်းဝ၍ လွှတ်တင်ရမည့် အချိန် ကအရေးကြီးဆုံးဟု ဆိုရမည်ဖြစ်သည်။ အ ကြောင်းမှာ အခန့်မသင်၍ မီးပုံးပျံပြုတ်ကျကာ လူအသေအပျောက် ရှိနိုင်ခြင်းကြောင့်ဖြစ်သည်။

အမှန်တကယ်တွင် ပြိုင်ပွဲဝင်မီးပုံးပျံ လွှတ် တင်သည်ကား အခက်အခဲ စိန်ခေါ်မှုပေါင်းစုံကို စုပေါင်းအားဖြင့် ကျောချင်းကပ်ရင်ဆိုင် အောင် ပွဲခံရသည့်ပွဲပင်ဖြစ်သည်။ မီးပုံးပျံထောင်သည့် အခါမီးစာရှို့ချိန် တာဝန်ကြီးသလို အန္တရာယ် လည်း များလှသည်။ ရေနံ၊ယမ်း၊စက္ကူ၊မီး စသည့် မတူညီသည့် မီးလောင်ပေါက်ကွဲစေတတ်သည့် အရာများကို ပညာသားပါပါ ပေါင်းစပ်၍အသက် ကို လောင်းကြေးထပ်ယှဉ်ပြိုင်ရသည့်ပွဲပင်ဖြစ် သည်။ ရိုးရာအမွေအနှစ်ကို အန္တရာယ်နှင့် စွန့် စားမှုများအကြား ပွဲထုတ်ရခြင်းဖြစ်သည်။

အဖွဲ့တစ်ဖွဲ့၏ မီးပုံးပျံတင်ပြီး မီးစာကိုရှို့ ကာ လေတဟူးဟူးအောက်တွင် မီးပုံးပျံမကျ အောင်၊ မီးမလောင်အောင် ကြိုးများဖြင့် ချွေး ဒီးဒီးကျ ဝိုင်းထိန်းချိန်တွင် ပရိသတ်များက ရင်တမမကြည့်ရင်း ကြိတ်မှိတ်ဆုတောင်းပေး ကြရသည်။

ဤသည်ကို ကြည့်လျှင် ထိုပွဲသည် စေတ နာ၊ မေတ္တာ၊ မုဒိတာများ ထုံမွှမ်းထားသည့်ပွဲဟု ဆိုနိုင်သည်။ ထိုအချိန်တွင် ကွင်းတွင်း/ကွင်းပြင် ရှိ ပရိသတ်ရော ဒိုင်တွေပါ ပြိုင်ဘက်များပါမ ကျန် တစ်စိတ်တစ်ဝမ်းတည်း၊ တစ်သွေးတည်း တစ်သားတည်းပင် ဖြစ်သွားသည်။ တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားမှုမရှိဘဲ အားလုံးတန်းတူ ညီတူ ဖြစ်သွားသည်မှာ ကြည်နူးစရာပင်ဖြစ် သည်။ လပေါင်းများစွာ အပင်ပန်းခံရင်း မျှော် လင့်ခြင်း၊ ယုံကြည်ခြင်း၊ စွန့်စားခြင်းများဖြင့် ပြိုင်ဘက်အချင်းချင်း တစ်ဦးကိုတစ်ဦး အပြုသ ဘောဖြင့် အားပေးကာ လောကဓံကို တွဲလက်ညီ ညီတိုက်ကြရသည်မှာ ကြက်သီးမွေးညင်းထ ရသည်အထိ အားတက်စရာ ကောင်းလှသည်။ ရာဇဝင်တွင် စံတင်လောက်သည့် ဂန္တဝင်မြောက် ပွဲတော်ပင်ဖြစ်သည်။

ချွေးတွေရွှဲ၊ လက်တွေပေါက်ပြဲပြီးမှ မှိုင်းဝ၍ တငြိမ့်ငြိမ့်တက်သွားသည့် မီးပုံးပျံကြီးကို မော့ ကြည့်ပြီး အားလုံးက သက်ပြင်းချ အောင်ပွဲခံ ကြရသည်။ ဒေသခံများ၊ ဧည့်သည်များက ပျော်မဆုံး မော်မဆုံး ဖြစ်ကြရသည်။ ထိုအချိန် တွင် ပြိုင်ပွဲဝင်များက အပျော်ဆုံးပင်ဖြစ်သည်။ မှိုင်းများ လေးလံပေကျံနေသည့် မျက်နှာမဲကြီး များက အလင်းလက်ဆုံး ပြုံးပျော်နိုင်ချိန်ဖြစ် သည်။ ရှမ်းအိုးစည်သံ တထုံထုံ၊ မောင်းသံ တ ဒူဒူအောက် ရှမ်းသိုင်းလေးများ နင်း၍ ကကြ ပျော်ကြ ပီတိမျက်ရည်ကျကြရသည့်အထိပင် ကမ္ဘာသိအောင် အောင်ပွဲခံကြရသည်။ ရှမ်း တိုင်းရင်းသားများ၏ အမျိုးသားရေးစိတ် ဓာတ်၊ စုပေါင်းညီညွတ်စွာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တန်းတူညီတူ ရှိမှု၊ မျှဝေခံစားမှု စသည့် ဒီမိုက ရေစီ စံနှုန်းများ သမိုင်းအဆက်ဆက်သက်ဝင်ခဲ့ သည့်ပွဲတော်ပင်ဖြစ်သည်။

နောက်ခံသမိုင်းကိုကြည့်လျှင် တောင်ကြီး မြို့မီးပုံးပျံ ကျင်းပရေးကော်မတီမှ ပြုစုထားသော မှတ်တမ်းအရ တောင်ကြီးမြို့သည် သက္ကရာဇ် ၁၂ဝဝ (ခရစ်နှစ် ၁၈၃၈) ခန့်က ပအိုဝ်းကျေးရွာ လေး တစ်ရွာဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ ပအိုဝ်း တိုင်းရင်းသားဘာသာဖြင့် ဒုံတောင်ကျည်ဟု လည်းကောင်း၊ ရှမ်းဘာသာဖြင့် တောင်ကျည်း ဟုလည်ကောင်း ခေါ်ဆိုကြသည်။ မြန်မာ ဘာသာဖြင့် ”တည်ပင်တော”ဟု အဓိပ္ပာယ်ရပါ သည်။ ယင်းပအိုဝ်းရွာက ယနေ့ခေတ် အနေအ ထားအရ တောင်ကြီးအထက(၄)၏ မြောက် ဘက်နေရာဖြစ်ပြီး တည်ပင်ရိုင်းကြီးတစ်ပင်ရှိ နေခြင်းကြောင့် ယင်းသို့ အမည်တွင်ခ့ြဲခင်းဖြစ် သည်။

အင်္ဂလိပ် အစိုးရ မိုင်းသောက်တွင် ရုံး စိုက်ရာမှ အသွားအလာ၊ ကျန်းမာရေးကိစ္စများ ကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီး ရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၅၆ ခု၊ ခရစ်နှစ် ၁၈၉၄ တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ တောင်ကြီးမြို့သည် ပင် လယ်ရေပြင်အမြင့် ၄၇၁၂ပေ နှင့် တောင်ချွန်း အထိ ပင်လယ်ရေပြင်အမြင့် ပေ ၅၆ဝဝ ကျော်ရှိလေသည်။

အင်္ဂလိပ်ခေတ်တွင် မီးပုံးပျံများကို အများ အပြား လွှတ်တင်နေပြီး ဗျောက်အိုးများလည်း အိမ်တိုင်းနီးပါး ဖောက်ခဲ့ကြသည်။ ဗျောက်အိုး ဖောက်လျှင် မကောင်းဆိုးဝါးများပြေးသည်၊ မီးပုံး ပျံလွှတ်ပါက ကံကောင်းစေသည်၊ ကံဇာတာ တက်သည်ဟူသော အယူရှိခဲ့ကြသည်။ ၁၈၉၇ ခုနှစ်က တောင်ကြီးမြို့တွင် အိမ်ခြေ ၃၃၆ အိမ် ရှိပြီး လူဦးရေ ၁၂၄၇ ဦးနေထိုင်ကြရာ ရှမ်း ၈၅၁ ဦး၊ အိန္ဒိယ ၁၈၉ ဦး၊ ဗမာ ၁၇၅ ဦး၊ တရုတ် ၃၂ ဦးတို့ဖြစ်ကြောင်း စစ်တမ်းအရ သိရှိရ၏။

မြန်မာသက္ကရာဇ် ၁၃ဝ၂ ခု၊ ခရစ်နှစ် ၁၉၄၁ ခုနှစ် တန်ဆောင်မုန်းလတွင် ကုန်းသာ ကျောင်းဘုန်းကြီးက ဦးစီး၍ ဦးထား၊ ဦးချစ်၊ ဦးရီ(ဦးဖိုးရီ)တို့ စုပေါင်း၍ ခေါင်အချင်းပေ ၅ဝ ခန့် မီးပုံးပျံကြီးကို ပြုလုပ်ခဲ့ကြသည်။ ၎င်း မီးပုံးပျံကို ပိတ်စဖြင့် ပြုလုပ်ကာအပ်ချုပ်စက် ဖြင့် ချုပ်လုပ်စေခဲ့သည်။ စာရေးကတော် ဒေါ် သင့်နှင့်အဖွဲ့၊ ကူညီကုန်း အောင်မြင်ဝပ်ရှော့ (ဆရာမဒေါ်သန်းမြ၏အမေ) အုပ်စုက တာဝန် ယူချုပ်ပေးခဲ့သည်။ မီးပုံးပျံ ချုပ်ချိန်မှာ တစ်လ ကြာမြင့်သည်။ မီးစာကို သံနှင့် ပြုလုပ်၍ သင်္ကန်းစနှင့် ကျစ်၍ ရေနံချေးအသုံးပြုကာ ပြု လုပ်သည်။ မီးစာ၏ အရွယ်အစားမှာလုံးပတ် အချင်း ၂ ပေခန့် ရှိသည်(လူတစ်ပွေ့စာ)။ မီး စာအမြင့် ၁ဝ ပေ ခန့် ရှိသည်။ ၎င်းမီးစာကို မြေဖြူတောင် ရပ်ကွက် (အနောက်ကုန်း)နေ ဦးလှဖေနှင့်အဖွဲ့က တာဝန်ယူ၍ ပြုလုပ်ပေးခဲ့ ကြသည်။ ၎င်းအချိန်က ကုန်းသာကျောင်းသည် တဲကျောင်းကလေးသာ ဖြစ်သည်။

၎င်းမီးပုံးပျံကို ကုန်းသာကျောင်း ကုန်းပေါ် မှပင် လွှတ်တင်ခဲ့သည်။ ၎င်းမီးပုံးပျံ၏ အောက် တွင် ထီး၊ ချိုင့်၊ ဖိနပ်၊အင်္ကျီ၊ လုံချည်၊ ပိတ်စ၊ ပိတ်အုပ်၊ ပန်းကန်မျိုးစုံ၊ ဆေး၊ ဆီပုံး၊ ရေနံ ဆီပုံး၊ ဆန်အိတ်ငယ်များ၊ သင်္ကန်း၊ သပိတ်၊နာရီ နှင့် လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကို ပန့်သ ကူပစ္စည်းအဖြစ် ပိတ်လေထီးများဖြင့်မီးပုံး ပျံမှ အောက်သို့ ဖြုတ်ချရန် ဆောင်ရွက်ထားသည်။ ၎င်းပစ္စည်းများ ချိတ်ဆွဲရန် အောက်ဆွဲထည်ကို ဝါးဖြင့်ခိုင်ခံ့အောင် ပြုလုပ်ရသေးသည်။

ထောင့်လေးထောင့်တွင် အရပ်လေးမျက် နှာကို စောင့်ကြပ်သော နတ်မင်းကြီး ၄ ရုပ် ကား အမြင့် ၈ ပေခန့် ပါရှိသည်။ နတ်သား တစ်ရုပ်တွင် ငွေကျပ် ၂၅ကျပ်စီ ထည့်ထား သည်။ ထိုစဉ်က ဆီစိမ်စက္ကူ၊ ရေပါးစက္ကူ ၄ ရွက်ကို တစ်ပြားသာပေးရပြီး တစ်ပဲကို ၁၆ ရွက်ရသည်။ ရှမ်းဆန် အကောင်းဆုံး(နို့ဆီဘူး) ၁၂ လုံးတိုက်၊ ၁ဝ ပြည်ကို ၁ ကျပ်သာ ပေးရ သည်။ ၎င်းအချိန်တွင် ဗမာဆန် ရှမ်းပြည်သို့ မရောက်သေးပေ။ မီးပုံးပျံ မှိုင်းဝပြီး မီးစာကို မီးရှို့ကာ မီးပုံးပျံဆွဲပြီဟု ယူဆချိန်တွင် သစ် ပင်ငုတ်တွင် ချည်ထားသည့် ကြိုး ၄ ပင်ကို ဘုန်းကြီး ၄ ပါးက ဆရာတော်က အချက်ပေး သည်နှင့် တစ်ပြိုင်နက် ဓါးရှည်ဖြင့် ခုတ်ဖြတ်ရ သည်။ ထိုသို့ ခုတ်ဖြတ်ရာတွင် ရာဟုထောင့်မှ တာဝန်ယူခုတ်ဖြတ်ရသော ဘုန်းကြီးမှာ အ နည်းငယ် နောက်ကျသွားသဖြင့် ၎င်းမီးပုံးပျံ နာသွားသည်ဟု ဆိုကြသည်။ ၎င်းမီးပုံးပျံသည် အရှေ့ဘက်သို့ တက်သွားပြီး ထီးနှင့်ချိုင့်နှစ် ခုသာ လေထီးနှင့်ကျလာပြီး အမြင့်ကိုက် ၄ဝဝ ကျော်တွင် ”ဝုန်း” ဟူသော အသံကျယ်ကြီး မြည်၍ မြို့ပတ်လမ်းနှင့် တောင်ကျောင်းလမ်းဆုံပန်းခြံတွင်ကျပြီး မီးလောင်ခဲ့သည်။

၁၉၄၅ ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင် တိုင်ပွဲတော်ကို ဂါတ်တဲပွဲ ဥ့ျွ ီဗ့ ပွဲအ မည်ဖြင့် စတင်ကျင်းပသည်။ ၎င်းအချိန်က လူအများအခေါ် ”အာဝါတေး” ဟု အသံထွက် သည်။ အချို့က ၎င်းပွဲကို နွားလှည်းများဖြင့် သွားကြသည်။ ဂါတ်တဲဝင်းထဲတွင် ဝင်္ကပါပြုလုပ် ၍ အငြိမ့်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ ၎င်းပထမအကြိမ် ဂါတ်တဲပွဲတွင် မန္တလေးမှ သြဘာရ မအေးတင်အငြိမ့်စ၍ကခဲ့သည်။ ၎င်းပွဲကို ဟော်ကုန်းပိုင်း၊ အလယ်ကျင်းပိုင်း၊ တောင်ပိုင်းစသော ရပ်ကွက်များမှမီးကြာကပ် များ ကိုင်ဆောင်၍ ယမ်းမပါသည့် ရိုးရိုးမီးပုံးပျံ များကို အပျော်သဘောဖြင့် ဈေးကြီးတောင် ဘက်တွင် လာရောက်လွှတ်တင်ခဲ့ကြသည်။

နောင်နှစ်များတွင် ရပ်ကွက်များမှ ဆက် လက်၍ မီးပုံး၊ မီးကြာကပ်များ ကိုင်ဆောင်ခြင်း၊ မြို့လယ်ဓမ္မာရုံဘုရားကို မီးပူဇော်ရန်၊ သင်္ဘော နာနတ်ပင်များ သစ်ပင်သစ်ကိုင်းများ၊ ဝါးပင် များတွင် မီးပုံးရောင်စုံများ ချိတ်ဆွဲထွန်းညှိ ကာ ဘုရားမီးပူဇော်ရန် အလှအပဆင်၍ ယူ ဆောင်လာခြင်း၊ မီးပုံးပျံများလည်း ယူဆောင် လာကာ၊ ယခုညဈေး (ယခင်ကလေးကစား ကွင်း)၊ ဂါတ်တဲဝင်း၊ ဘဏ်နေရာတွင် လွှတ် တင်ခဲ့ကြရာမှ အပြိုင်အဆိုင်ဖြစ်လာကာ သ င်္ဘောနာနတ်၊ ဝါးပင်၊ သစ်ပင်များတွင် မီးပုံး ရောင်စုံများ ချိတ်ဆွဲ၍ သူ့ထက်ငါလှအောင် ပြုလုပ်လာရာမှ မီးပဒေသာပြိုင်ပွဲအသွင်ဆောင် လာခဲ့သည်။ ထိုအချိန်က ရပ်ကွက်များက ရှမ်း အိုးစည်၊ ဓနုအိုးစည်၊ ရွှေအိုးစည်များ တီး ခတ်ကာ မီးပူဇော်ခ့ြဲကသည်။

မီးပုံးပျံများ လွတ်တင်ပြီး ” ငါတို့ရပ်ကွက် မီးကို နိုင်ချင်လျှင် ဆယ်နှစ်ဆယ်မိုး ကြိုးစားပါ ဦး” သံချပ်များထိုးကာပျော်ရွှင်မြူးတူး ကခုန် ကြသည်။ ရပ်ကွက်အချင်းချင်း သူ့မီးသာသည်၊ ငါ့မီးသာသည်ဟု အငြင်းပွားကြရာမှ မြို့မိမြို့ ဖများနှင့်သမာသမတ်ရှိသူများက အကဲဖြတ် ပေးကြရသော အဆင့်ကို ရောက်ခဲ့ပါသည်။

၁၉၅၃-၁၉၅၄ ခုနှစ်များတွင် မီးပန်းများ၊ ဗျောက်အိုးများ ချိတ်ဆွဲကာ မီးပန်းချောင်း ကလေးများ ကောင်းကင်တွင်လှပစွာ ကျဆင်း လာစေရန် မီးပန်းစနက်များဖြင့် စတင်ပြုလုပ် လာခဲ့သည်။ ရိုးရာမီးရှူးများပါ ထည့်သွင်းလွှတ် တင်ကြသည်။ ၁၉၅၆-၅၇ ခုနှစ်များတွင် လေ ယာဉ်သံများအသုံးပြု၍ မီးကျည်အဖြူရောင် များ စတင်အသုံးပြုလာခဲ့ပါသည်။ ၁၉၅၇-၅၈ခုနှစ်များတွင် သိမ်တောင်ဆရာတော်၏ မြန် မာ့နည်း မြန်မာ့ဟန် ယမ်းစပ်နည်းဖြင့် ယမ်း စိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာများဖြင့် အရောင်များ တီထွင်စမ်းသပ်လာခဲ့သည်။

တောင်ပိုင်းရပ်ကွက်မှ မီးဆရာဦးဆောင် သည့် ဗမာပြည်မှ ယမ်းစပ်နည်းကို သင်ယူပြီး အရောင်များ အသုံးပြုလာခဲ့ပါသည်။ ထိုအချိန် က မီးဆရာများဖြစ်ကြသော ဦးဆောင်၊ ဦးဖိုးရီ၊ ဦးတုံးစသော နာမည်ကြီး မီးဆရာများသည် ယမ်းစပ်နည်းများကို ကြိုးစားရှာဖွေ၍ လုပ် ဆောင်ခဲ့ကြရာမှ ၁၉၆ဝ-၆၁-၆၂ ခုနှစ်များတွင် မီးပုံးပျံများ အဆင့်မြင့်လာခဲ့ပြီး ရောင်စုံယမ်းအ လှအပများကို ကြည့်ရှု ခံစားနိုင်ခဲ့ကြသည်။ ၎င်းမီးဆရာ ၃ ဦး၏ တပည့်များက ဆက်လက် ကြိုးစားရှာဖွေခဲ့ကြရာ ၁၉၆၉-၇ဝ-၇၁ ခုနှစ် တွင် ခိုပျံ၊ မီးစြင်္ကာ၊ မီးလင်းေြ>ွမများ တီထွင်၍ အသုံးပြုလာနိုင်ခဲ့ကြသည်။

၁၉၆ဝ-၆၁ ခုနှစ်တွင် မီးပဒေသာပြိုင်ပွဲများ အကြီးအကျယ် ပေါ်ထွန်းလာပြီး ကံသာရပ်နှင့် တောင်ပိုင်းတို့ အချင်းများခဲ့ရာမှ မီးပဒေသာ ပြိုင်ပွဲ ဆက်လက်ကျင်းပနိုင်ခြင်း မရှိတော့ပေ။ ၁၉၇၆-၇၇ ခုနှစ် ဝန်းကျင်တွင် မီးပုံးပျံအဆင့် သည် တိုးတက်ကောင်းမွန်လာခဲ့ပြီး ယမ်းရောင် စုံများလည်း အသုံးပြုလာနိုင်ခ့ြဲကသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကြီး ကို ယနေ့တွင် လက်ရှိ အဝေရာကုန်းရှိကွင်း ကြီးတွင်ပင် ကျင်းပသွားမည်ဖြစ်ပါသည်။ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို မြို့လယ်ဓမ္မာရုံကြီး၌ လည်းကောင်း၊ မြို့လုံး ကျွတ် မဟာဘုံကထိန်တော်ကြီးကို လှည့်လည် ပူဇော်၍လည်းကောင်း ကျင်းပသွားပါမည်။ မသိုးသင်္ကန်း၊ ကြာသင်္ကန်းများ ရက်လုပ်လှူ ဒါန်းခြင်းနှင့် စုဠာမုနိဆုတောင်းပြည့်ဘုရားသို့ ညမီးပဒေသာအလှဖြင့် သွားရောက်လှူဒါန်းခြင်းပုံရိပ်သည်လည်း မြင်ရသူအဖို့ ကြည်နူး အနုမောဒနာ ခေါ်ဆိုစရာပင် ဖြစ်ပေသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကြီး ကို ယနေ့တွင် လက်ရှိ အဝေရာကုန်းရှိကွင်း ကြီးတွင်ပင် ကျင်းပသွားမည်ဖြစ်ပါသည်။ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို မြို့လယ်ဓမ္မာရုံကြီး၌ လည်းကောင်း၊ မြို့လုံး ကျွတ် မဟာဘုံကထိန်တော်ကြီးကို လှည့်လည် ပူဇော်၍လည်းကောင်း ကျင်းပသွားပါမည်။ မသိုးသင်္ကန်း၊ ကြာသင်္ကန်းများ ရက်လုပ်လှူ ဒါန်းခြင်းနှင့် စုဠာမုနိဆုတောင်းပြည့်ဘုရားသို့ ညမီးပဒေသာအလှဖြင့် သွားရောက်လှူဒါန်းခြင်းပုံရိပ်သည်လည်း မြင်ရသူအဖို့ ကြည်နူး အနုမောဒနာ ခေါ်ဆိုစရာပင် ဖြစ်ပေသည်။

တောင်ကြီးမြို့တွင် လည်ပတ်စရာအနေဖြင့် ယုဒသာန် လက်ဖက်ရည်ဆိုင်၊ တောင်ကြီးမြို့ တောင်ချွန်း၊ ရွှေဘုန်းပွင့်ဘုရား၊ စူဠာမုနိဘုရား၊ အထက(၃) အနီးက  ှွှ. ဲဥှနဏ္လံှ ဃဗ-ွှံနီျွဗူ နှစ်တစ်ရာကျော်သက်တမ်းရှိ ျွ.ဃ ကျောင်း၊ ရေအေးကွင်းက ပထမ တိုင်း ရင်းသားပေါင်းစုံ ဗြဏွှှုှွှ ဃံ့ျွဃံ ၊အထက(၄) နောက်က ကမ္ဘောဇလမ်းပေါ်ရှိ နှစ်ခြင်းဘုရားကျောင်း၊ ကျိုင်းတုံဘုန်းကြီး ကျောင်း၊ အိမ်တော်လမ်း၊ ွှံန့ဏဏနျွ ံဥ့ှန ဃင်္ဗန တို့ဖြစ်ကြပါသည်။ ပွဲတော် ရက်များတွင် တောင်ကြီးမြို့သာမက ညောင် ရွှေ၊ အင်းလေး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ဟဲဟိုး၊ အောင်ပန်း၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်၊ ပင်လုံ၊ အင်းတိန် စသည့် ဒေသများ၊ ရွှေဥမင်လိုဏ်ဂူ၊ ထမ်စမ်းလိုဏ်ဂူ၊ နှီးဘုရား၊ ရေပြာအိုင်စသည့်နေရာများတွင် လည်း ဗဟုသုတရှာဖွေသည့် နိုင်ငံခြားဧည့် သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

တောင်ကြီးမြို့တွင် ဒေသအစားအစာအဖြစ် တိုဖူးနွေး၊ ရှမ်းခေါက်ဆွဲကို ဒေါ်နန်းပန်၊ ဆောင်းဦး၊ ဒေါ်ထွမ်း၊သီပေါမနန်းဌေးဆိုင်တွင် လည်းကောင်း၊ နေ့လယ်စာအဖြစ် အော်စွန်း သုပ်၊ ဆာခုပ်၊ ဆာဆုမ်၊ ရှမ်းပဲပုပ် ပန်ထွေဖျော်၊စိန်တောင်တန်း၊ သစ်တောညောင်ပင်အနီးရှိ ရှမ်းဆိုင်၊ အရှေ့မြို့ပတ်လမ်းအနီးရှိ တော်ဝင် ပုလဲနှင်းဆီထဲက  ွှငေ ုငအခ့နည နှင့် မြကန်သာ ပန်ခြံလမ်းက ှညသတ ွျှ့ငအန တို့တွင်လည်း ကောင်း၊ ညစာအဖြစ် အင်းလေးအစားစာ ဝက်သားချဉ်၊ ဟင်းထုပ်၊ ငါးထမင်း၊ အင်းမုန့် တီ တို့ကိုလည်းကောင်း၊ အသီးသီးစားသုံး နိုင်ပါသည်။

 

ပွဲတော်ချိန်ခါ သတိပြုဖွယ်ရာ

(၁) တောင်ကြီးသားမိတ်ဆွေ(သို့) နားလည် သည့်သူမပါလျှင် မီးပုံးကို အရမ်းကပ်မကြည့် သင့်ပါ။

(၂) မီးပုံးပျံလွှတ်နေသည့်အဖွဲ့များကို စိတ်အ နှောင့်အယှက်ဖြစ်စေသည့် တိုးကြည့်ခြင်းများ၊ စည်းတားနယ်မြေအတွင်း အရမ်းကာရော ဝင် ရောက်ခြင်းများ မပြုသင့်ပါ။

(၃) ကလေးပါလျှင် ပျောက်တတ်သဖြင့် အထူး ဂရုစိုက်ပါ။

(၄) ကွင်းထဲခွေမနေသင့်ပါ။ အိပ်ချင်လျှင် ပြန် အိပ်သင့်သည်။

(၅) မီးပုံးပျံ ပျက်ကျပါက ဇွတ်မပြေးပါဘဲ အ ပေါ်ကိုကြည့်၍ ပြေးပါ။

(၆) ဖုန်း/ ကင်မရာ/ ကားသော့များ မပျောက် မရှ မကျအောင်သတိထားပါ။

(၇) လက်ဝတ်ရတနာများ ကျပျောက်တတ်သဖြင့် ဝတ်မလာလျှင် အကောင်းဆုံးဖြစ်၏။

(၈) အဖိတ်/လပြည့်နေ့ လူအရမ်းကြပ်ခြင်း ကြောင့် အေးဆေးစွာ လည်ပတ်ချင်သူများ ရှေ့ရက်များတွင် ကြိုတင်လာရောက်သင့်ပါ သည်(အရည်အသွေး ပြည့်မီလှပသည့် မီးပုံးပျံ များ ညစဉ်လွှတ်တင်ပါသည်)။

(၉) ဖုန်းလိုင်းကြပ်တတ်သဖြင့် လူပျောက်လျှင် တစ်နေရာတွင် ပြန်ဆုံနိုင်ရန် ကြိုတင်အချိန်း အချက် ပြုထားပါ။

(၁ဝ) လေ မည်သည့်အရပ်ဆီသို့ တိုက်နေသည် ကို အမြဲသတိရှိပါ။ လေကြောတွင်သွားမနေသင့် ပါ။ အန္တရာယ်များ၍ ပြေးပေါက်မှားနိုင်သည်။ (မီးခိုးငွေ့များကြည့်ပြီးလည်း သိနိုင်ပါသည်) မီးဖြင့် ပူဇော်ယှဉ်ပြိုင် ကစားသည့် ပွဲဖြစ်သဖြင့်မတော်တဆ ဖြစ်ရပ်များ ဖြစ်တတ်ခြင်းကြောင့် ကြည့်ရှု လည်ပတ်သူများက အထူးသတိပြု သင့်သည်။

ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်အသင်း နှင့် တောင်ကြီးမြို့မှ မီးပုံးပျံ ချစ်သူများအဖွဲ့၊ တောင်ကြီးတန်ဆောင်တိုင်ကျင်းပရေးဆပ် ကော်မတီမှတာဝန်ရှိသူများက တောင်ကြီး မီးပုံးပျံပွဲတော် ယခုထက် အဆင်ပြေချော မွေ့စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူပိုင်ကွင်း (၁)ကွင်း ရရှိစေရန် တောင်းဆိုသွားမည် ဖြစ် ကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန်းဝင်းက ပြောကြားခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာ မီးပုံပျံပြိုင်ပွဲ ကျင်းပဦးစီးကော်မတီ၏ (၁၇-၁ဝ-၁၈) ရက်နေ့ အစည်းအဝေး ဆုံးဖြတ် ချက်အရ ပွဲကို (၁၄-၁၁-၁၈)မှ (၂၂-၁၁-၁၈)အထိ ကျင်းပကာ (၂၃-၁၂-၁၈) ရက် နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဟု သိရ သည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်ခြေ ၂ ချောင်း၊ နေ့ လွှတ် ခြေ ၄ ချောင်း၊ နေ့လွှတ်အုပ်စု၊ စိန်နားပန်နှင့် ညမီးကြီးဟူ၍ ပြိုင်ပွဲဝင် မီးပုံး ပျံအမျိုးအစားများကို ခွဲခြားသတ်မှတ်ထား သည်။ ညလွှတ်စိန်နားပန်မီးပုံးပျံအတွက် ခေါင်အချင်း ၁၈ ပေထက် မငယ်ရ၊ ပေ ၂ဝ ထက် မကြီးရ၊ ညမီးကြီး မီးပုံးပျံအတွက် ခေါင် အချင်း ၂၃ ပေထက် မငယ်ရ၊ ၂၅ ပေထက် မကြီးရဟု သတ်မှတ်ကာ ခေါင်အချင်းများကို အတိအကျ တိုင်းတာသွားမည်ဖြစ်ကြောင်းသိရ သည်။

ထို့ပြင် တောင်ကြီးမြို့တော်တန်ဆောင် တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကို ရိုးရာအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ယူနက် စကို ဒြပ်မဲ့ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အသိ အမှတ်ပြုပါဝင်နိုင်ရေးအတွက် ညမီးကြီးမီးပုံး ပျံများတွင်ပြည်ပမှ ဝင်ရောက်လာသော အသင့် သုံး ယမ်းပစ္စည်းများကို ယခုနှစ်ပြိုင်ပွဲမှစတင်၍ အသုံးပြုခွင့်ပေးတော့မည်မဟုတ်ကြောင်း ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာ သန်းဝင်းထံမှ သိရသည်။

ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းအရ စိန်နားပန် မီးပုံးပျံ စက္ခုပသာဒ အမှတ်ပေးစည်းမျဉ်းတွင် ကိုယ်ထည်နှင့် အောက်ဆွဲတို့တွင် ဒီဇိုင်းခက် ခဲမှု၊ အချိုးကျန ပီပြင်မှု၊ ပုံဖော်ပေါ်လွင်မှု၊ မီး ပုံးမြိုင်ဆိုင်မှု၊ အရောင်သုံးစွဲမှုတို့ပါဝင်ကြောင်းသိရသည်။ အားလုံးခြုံ၍လှပမှုတွင် လိုက်လျော ညီထွေပေါ်လွင်မှု၊ အချိုးကျနလှပမှု၊ မီးပုံးပျံ (ငြိမ်း/မငြိမ်း)နှင့် တီထွင်မှုတို့ ပါဝင်ပြီး သဘာဝ ရုပ်လုံး(နေ့အရုပ်) အမှတ်ပေးစည်းမျဉ်းတွင် အရုပ်ပီပြင်မှု၊ ပုံဖော်ခက်ခဲမှု၊ သဘာဝအရောင်၊ ြ<ွကက်သားပုံဖော်မှု၊ ဦးခေါင်း၊ ခြေတောင်ပံ/ လက်အမြီး ခြယ်သမှုနှင့် အခြားအချက်များ ပါဝင်ကြသည်။ ထို့ပြင် မှိုင်းခံအမှတ်ပေး စည်း မျဉ်းတွင် ဒွာရအောက်သို့ စတင်မှိုင်းခံချိန်၊ မီးပုံးပျံလက်မှ လွှတ်တင်ချိန်နှင့် ကြာချိန်တို့ အသီးသီးပါဝင်ကြောင်း သိရှိရသည်။

ယခုနှစ်တွင် ထူးခြားချက်ကား အလွတ် တန်း ဓါတ်ပုံပြိုင်ပွဲအပြင် ဒေသန္တရအချက် အလက်ကို သုတေသနပြု ဖော်ထုတ်နိုင်စွမ်း သည့် စာပေပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပနိုင် ခဲ့သည်မှာလည်း ဝမ်းမြောက်ဖွယ်ရာပင်ဖြစ် သည်။

.

တောင်ကြီးမီးပုံးပျံနှင့် ခံယူအပ်သော ဘဝသင်ခန်းစာ

.

တောင်ကြီးမီးပုံပျံပွဲတော်မှ ဘဝအတွက် ခံယူအပ်သည့် အဖိုးတန် သင်ခန်းစာများစွာရ သည်။ မီးပုံးပျံများသည် အထက်သို့ မတက်မီ ဦးစွာ ရုန်းကန်ကြရသည်။ ဆိုင်းကြိုးများနှင့် လည်း အဆွဲခံရသေးသည်။ မီးခိုးမှိုင်းများ လည်း အတိုက်ခံရသေးသည်။ မှိုင်းဝမှသာ အထက် ကောင်းကင်ယံသို့ တက်ရန်ဘဝခြေလှမ်းစရ သည်။ အထက်သို့မရောက်မီ မြေပြင်ပေါ်တွင် ပျက်စီးဆုံးရှုံးသွားသော မီးပုံးပျံများလည်း ရှိ သည်။ အထက်သို့ တက်သွားချိန်တွင်လည်း စလယ်ဆုံး သက်ပြင်းချနိုင်ပြီဟု တထစ်ချပြော ၍ မရနိုင်သေး။ ဝေဟင်တွင် အခက်အခဲအတား အဆီးများ ကြုံနိုင်သေးသည်။ အားမလျှော့ဘဲ ထပ်မံပျံတက်နိုင်လျှင်တော့ အထက်ရောက် နိုင်ပါလိမ့်မည်။ ဒဏ်ရာအနာတရ အထိအရှ များနိုင်သည်။ ထိုဒဏ်ကို ခံနိုင်စွမ်းတော့ရှိရ မည်။

အခြေအနေကောင်းမွန်စွာ အဟုန်ကောင်း ကောင်းနှင့် ပျံတက်နေပါလျက် အထက်ရောက် မှ မထင်မှတ်ဘဲ ရုတ်တရက်ပျက်စီးဆုံးရှုံးရ သည့် မီးပုံးပျံလို လူဘဝများလည်း ဒုနှင့်ဒေးပင်။ အရေးမကြီးသေးပေ။ အရေးကြီးသည်မှာ ဒီ တစ်ကြိမ်ပျံသန်းခွင့်မရလျှင် နောက်တစ်ကြိမ် ပျံသန်းခွင့်ရရန် အသည်းမပျော့ ဇွဲမလျှော့ဘဲ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းနေရန် လိုသည်။

ကျွနု်ပ်တို့သည်လည်း မြေပြင်တွင် မီး လောင်ကျွမ်းရသည့် မီးပုံးပျံ၊ အထက်ရောက် ခါနီးမှ အတားအဆီး တစ်ခုခုဖြင့်ငြိ၍ ပြန်ကျလာ သော မီးပုံးပျံ၊ အထက်လည်းရောက် မီးရှုး မီးပန်းများ အလှဆုံးဖြာထွက်ပေးပြီးမှ မထင် မှတ်ဘဲ ဗြုန်းစားကြီး မြေပြင်ပေါ်သို့ သက် ဆင်း ပျက်စီးရသည့် မီးပုံးပျံ၊ စလယ်ဆုံး အဆင်ပြေ ချောမွေ့စွာအရှိန်မပျက် ပျံတက်သွားနိုင်သည့်မီးပုံးပျံ၊ ထိုမီးပုံးပျံများအနက် မည့်သည့်မီးပုံး ပျံအမျိုးအစားထဲတွင် ပါနေမည်နည်း။ အရေး အကြီးဆုံးအချက်ကား မည်သည့် မီးပုံးပျံ အမျိုးအစားတွင်ပါပါ မရဏမီးကြောင့် ကိုယ် တိုင်လောင်ကျွမ်းမသွားမီ ည၏အမှောင်ထုတွင် တတ်စွမ်းသမျှ တစ်စိတ်တစ်ဒေသ လင်းလက် ပေးနိုင်ခဲ့ရန် လိုအပ်သည် မဟုတ်လော။

နိဂုံးချုပ်အားဖြင့်ဆိုသော် တောင်ကြီးမီးပုံး ပျံပွဲတော်ဟူသည် မြန်မာတို့၏ အခမ်းနားဆုံး ရိုးရာအမွေအနှစ်တစ်ခု၊ သမိုင်းစာမျက်နှာထက် လွှတ်တင်နိုင်ခဲ့သည့် ပွဲတစ်ခုဟုဆိုလျှင် မှား အံ့မထင်။ တောင်ကြီးမြို့ဟူသည် မြန်မာနိုင်ငံ တွင် အသန့်ရှင်းဆုံးမြို့၊ မီးပုံးပျံချစ်သည့် မြို့၊ စိန်ပန်း၊ ချယ်ရီပန်းများဖြင့် လှပသည့်မြို့၊ နံ နက်စာကို တိုဖူးနွေးဖြင့် ခုံမင်စွာစားတတ်သည့် မြို့၊ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ ဗမာ၊ တ ရုတ်နှင့် အိန္ဒိယတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့်မြို့၊ အသိပညာရှင် အတတ်ပညာ ရှင်နှင့် နိုင်ငံကျော်အဆိုတော်များစွာ မွေးထုတ် ရာ မြို့ဖြစ်သည်။ ထိုမျှမက မီးပုံးပျံကိုတစ်နှစ် ထက်တစ်နှစ် တိုးတက်အောင်ဖန်တီးရသည့် တီထွင်မှု (CREATIVITY) စွမ်းအား၊ အ တူတကွဖြစ်မြောက်အောင် လုပ်ဆောင်နိုင် သည့် အသင်းအဖွဲ့စိတ်ဓာတ်(TEAM SPIRIT)ကို ကမ္ဘာသိအောင် ချပြရဲသည့် သတ္တိနှင့် နိုင်ငံတော်ကို ခရီးသွားလုပ်ငန်း (ECO-TOURISM) ဖြင့် တစ်ဖက်တစ်လမ်း အကျိုး ပြုနိုင်ခြင်း စသည့် ကောင်းခြင်းမင်္ဂလာအဖြာဖြာ ဖြင့် ပြည့်စုံလှသည့် တောင်ကြီးမြို့ တန်ဆောင် တိုင်ပွဲတော်ကြီးသည်လည်း ကမ္ဘာတည်သရွေ့ ထာဝစဉ် တည်တံ့နေမည် ဖြစ်ပါတော့သတည်း။

ရည်ညွှန်းကျမ်း

            – သမိုင်းသုတေသနဂျာနယ်(အမျိုးသားစာကြည့်တိုက်)

            – တိုင်းရင်းသားရေးရာဂျာနယ်

 

စာပေဆိုင်ရာပြိုင်ပွဲတွင် ပထမဆုရ (ဆောင်းပါး) – စိုင်းခွန်မောင်

 

Leave a Reply

Your email address will not be published. Required fields are marked *